Friday, January 8, 2010

သက်သတ်လွတ်စားတာ ကုသိုလ် ရပါသလား

သက်သတ်လွတ်စားတာ ကုသိုလ် ရပါသလား ဟု မေးလာခဲ့လျှင်ကား သတ္တ၀ါတွေကို သနားဂရုဏာထားသော အားဖြင့် သနားကြင်နာသောအားဖြင့် သက်သတ်လွတ်စားတာဆိုလျှင်ကုသိုလ်ရပါသည်ဟု ဖြေရပါလိမ့်မည်။ ထိုစိတ်ထားမျိုးကို မွေးနိုင်လျှင်ကားသူတော်ကောင်းတို့ ချီးကျူးထိုက်ပါသည်။အမှန်ပင် လေးစားစရာလည်း ကောင်းပါသည်။

တချို့က ကျန်းမာရေးကြောင့် အသားကိုစာခြင်းမှ ရှောင်ကြဉ်ပြီးသတ်သတ်လွတ်စားတာဟု အများအလည်၌ ဂုဏ်ယူဝင့်ကြွားပြီးအများကိုပါ သက်သတ်လွတ်စားဖို့ တိုက်တွန်းမူ့များရှိနေခဲ့လျှင်ကားထိုထိုသို့သော စကားတို့၌ ထောက်ခံမပေးနိုင်ချေ။ တချို့က သက်သတ်လွတ်စားတယ်ဟုဆိုကြ၏သို့သော်လည်း ဂျုံဖြင့် လုပ်ထားသော အသားတု ဟုဆိုအပ်သော အရာတို့ကို စားကြ၏။ဘယ်လိုစိတ်မျိုးထားပြီး အသားတုကို စားကြသလဲဟူမူကား လူတို့၏ စိတ်ကို မသိနိုင်သဖြင့် သေချာတပ်အပ်မပြောနိုင်ပါ။ဂျုံဖြင့်လုပ်ထားသောအသားတု ကို စားနေသော် ငြား ထိုအသားတု အပေါ်၌ကြက်သားအမှတ် အသားငါးအမှတ်ဖြင့်စားနေလျှင်ကားထိုပုဂ္ဂိုလ်သည် သက်သတ် လွတ်ကိုစားလေ့ရှိသူဟုကား မဆိုနိုင်အပ်ဘူးလို့ထင်ပေ၏။

တချို့က ဆိုကြပြန်သေး၏ သတ်သူနှင့် စားသူ အပြစ်အတူတူဟု ပြောကြသူများလည်း တွေ့ရတတ်ပါသည်။ ဤနေရာ၌ ပါဏာတိပါတကံ မြောက်သောတရားများကို ထုတ်ပြပါမည်။
၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံးလ ပယောဂရှိခြင်း၊
၅။ လုံးလပယောဂကြောင့် သေခြင်း ဟူသော အင်္ဂါ (၅)ပါးနှင့် ပြည့်စုံလျှင် ပါဏာတိပါတကံထိုက်၏။

သူတပါးအသက်ကို ကိုယ်တိုင်မသတ်သော်လည်း
၁။ သူတပါးကို ပြုလုပ်စေသောကံ၊
၂။ သူတပါးတို့ အလိုအလျောက်သတ်နေသည်ကို နှစ်သက်သောကံ၊
၃။ ပါဏာတိပါတနှင့် ပါတ်သက်ပြီး လောကီအကျိုးစီးပွားတို့ကို ချီးမွမ်းပြောဆိုသောကံ ဟူသောကံတို့တွင် တစ်ခုခုသော ဒုစရိုက်ကံကို ပြုလုပ်မိပါကပါဏာတိပါတကံ ထိုက်၏။


သတ်သူနှင့်စားသူ အပြစ်အတူတူပဲဟုအယူအဆမျိုးရှိခဲ့မည်ဆိုလျှင် ထိုအယူအဆမျိုးကိုမယူမိစေရန် ဖြေရှင်း ရအံ့စားသုံးသူသည် ဈေးမှ သတ်ပြီးသား၊ သေပြီးသား၊ ပံ့သုကူအသားကို ၀ယ်ယူစားသုံးခြင်း ဖြစ်ခြင်းကြောင့်သတ်ရန် စေခိုင်းတိုက်တွန်းသူလဲ မဟုတ်၊သတ်နေသည်ကိုနှစ်သက်သဘောတူ ကျေနပ်အားရ သူလည်းမဟုတ်၊သတ်ရန်ချီးမွမ်းစကား ပြောကြားနေသူလည်းမဟုတ်ပေ။ထို့ကြောင့် စားသူနှင့်သတ်သူ အပြစ်မတူပေ။ စားသုံးသူ၌ အပြစ်လုံးဝမရှိပေ။သတ်သူနှင့် စားသူ အပြစ်အတူတူပဲဟု အယူအဆမျိုး ရှိခဲ့မည် ဆိုလျှင် ထိုအယူအဆမျိုးကို ယူထားသူသည်နိဂဏ္ဍ(ဒိဌိ) တို့ အယူဝါဒသာလျှင် ဖြစ်သည်။

ရဟန်းတွေ သက်သတ်လွတ် စားဖို့ ဘုရားရှင်အားဒေ၀ဒတ်ကိုယ်တိုင် တိုက်တွန်းခဲ့ဘူး၏။ဘုရားရှင်ကိုယ်တိုင် ထိုစကားကို လက်မခံခဲ့ပေ။လှူတန်းတဲ့သူရှိရင် (အသားကြိးဆယ်မျိုးမှလွဲလျှင်)စားနိုင်၏။ဘုရာရှင် ခွင့်ပြုခဲ့ပေ၏။ ထို့ကြောင့် အသားငါးကို စားသုံးနေတာလဲ အကုသိုလ်မဖြစ်ပေ။သက်သတ်လွတ်စားတာရော ကုသိုလ်ရလားလို့ မေးဖွယ်ရှိ၏အပေါ်မှာ ဆိုခဲတဲ့အတိုင်း စိတ်ထားတတ်လျှင် ကုသိုလ်ရပေ၏။အသားစားခြင်း၌ရှောင်လိုက ရှောင်။ စားလိုက စားနိုင်၏။
ထိုအကြောင်းအရာတို့၏ အပေါ်၌ အကျယ်ချဲ့၍ ဆိုဖွယ်ရာမရှိပြီ။

1 comments:

Post a Comment

.